Skip to content ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၏ သမိုင်းအကျဉ်း
- ၂၀၁၄: ရှမ်းနီ(တိုင်းလျန်)နှင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရှမ်းမျိုးနွယ်စုများ မိမိတို့၏အမျိုးသားရေး၊ နယ်မြေဒေသငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား အခွင့်အရေးတန်းတူညီမျှရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များအား စည်းလုံး ညီညွတ်စွာ စုပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ဦးစောဝင်းထွန်း ပါ(၁၉)ဦးတို့မှ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP)အမည်ဖြင့် ဖွဲ့စည်း၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၂၀၁၀)အရ မှတ်ပုံတင် လျှောက်ထားခဲ့သည်။
- ၂၀၁၅: မေလ(၂၀)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီ အမှတ်(၈၆)အဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။
- ၂၀၁၉: ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၇၈/၂၀၁၉) ဖြင့် ပါတီအား မေလ(၂၃)ရက်နေ့တွင် “ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)”ဟု အမည်ပြောင်းလဲခဲ့သည်။
- ၂၀၂၃: နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် အသစ် ပြဌာန်းသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၂၀၂၃)အရ ပါတီအား စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးအဆင့်နိုင်ငံရေးပါတီအဖြစ် ပြန်လည် လျှောက်ထားခဲ့သည်။ ထိုနှစ် မေလ (၂)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်အမှတ်(၈)ဖြင့် မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။